မြတ်ဗုဒ္ဓရဲ့ အခြေခံအယူအဆက ဘာဖြစ်နိုင်သလဲဆိုတာကို ရှာဖွေကြည့်လိုက်တဲ့အခါ
လေးစာတတ်မူကို တွေ့ပါတယ်။ (Respect)
ဘယ်လိုပုံစံမျိုးနဲ့ ဘာကိုလေးစားတတ်တဲ့ သဘောလဲဆိုတာကို ရှင်းလင်းတင်ပြပေးပါမယ်။
သတ္တဝါဖြစ်စေ ရေ-မြေ-တော-တောင် သဘာဝဖြစ်စေ တစ်ခုတည်း တစ်ဦးတည်းနဲ့ ဖြစ်ပေါ်လာတာ ရပ်တည်နိုင်တာတော့ မဟုတ်ပါဘူး။ တစ်ခုနဲ့တစ်ခု အပြန်ပြန်အလှန်လှန် ဆွဲငင်အားဖြင့်ဖြစ်စေ၊ တွန်းကန်အားဖြင့်ဖြစ်စေ အထောက်အကူပြုများစွာနဲ့ ဖြစ်ပေါ်လာကြ ရပ်တည်နိုင်ကြတာပဲဖြစ်ပါတယ်။
လိုတာထက်ပိုသွားခြင်း လွန်ကဲသွားခြင်း သို့မဟုတ် လိုအပ်သလောက်မရခြင်းနှင့် မလုံလောက်ခြင်းတွေဟာ ဟန်ချက်ညီမူကို ပျက်စီးစေနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။ (excess or deficiency)
ဖြစ်နိုင်ချေသက်တမ်းတစ်ခုမတိုင်မီ ပျက်စီးသွားတာမျိုး ဆုံးရှူံးသွားတာမျိုးတွေမဖြစ်ရလေအောင် ထိမ်းသိမ်းစောင့်ရှောက်နိုင်ရပါမယ်။ (preserve)
အဲ့ဒီ နည်းပညာတွေကို ရှေးရှေးကတည်းက လိုအပ်သလို တီထွင်ခဲ့ကြ ကျင့်သုံးခဲ့ကြပါတယ်။
မြတ်ဗုဒ္ဓက ထိမ်းသိမ်းစောင့်ရှောက်ခြင်း အနုပညာကို အချက်(၈)ချက်နဲ့ ခိုင်မာစွာ ပြောပြ ထောက်ပြ ဆုံးမသွားခဲ့ပါတယ်။
ဥပမာလေးတွေနဲ့ ကြည့်လိုက်ရအောင် –
သစ်ပင်တစ်ပင်ရှင်သန်လာရခြင်းမှာ လိုအပ်သောအချက်အလက်များရရှိမူ ညီညွတ်မျှတမူတွေရှိလိုပါပဲ။ အကယ်၍ လိုအပ်တဲ့အရာကို လုံလောက်စွာမရခဲ့ဘူးဆိုယင် အဲ့ဒီသစ်ပင်ဟာ သတ်မှတ်သက်တမ်းမတိုင်ခင်မှာ ပျက်စီးသွားရမှာပါ။ ဒီသဘောကို မြတ်ဗုဒ္ဓက လူသားလောကတစ်ခုလုံးကို သိစေခဲ့တာပါ။
သူ၏သာဝကများကို ပြောဆိုသွန်သင်တဲ့အခါ
အစားအသောက်နှင့်ပတ်သက်၍ သင့်တင့်ရုံမျှစားပါ လိုအပ်သလောက် ချင့်ချိန်ပြီးစားပါ။ ဒီအစားအသောက်ကို စားပြီးတဲ့အခါ မိမိ-သူတစ်ပါးအကျိုးပြုတစ်ခုခုကို ဖြစ်ထွန်းအောင် ဆောင်ရွက်ပါ။ အလဟဿ အချည်းနှီးမဖြစ်သွားပါစေနဲ့ဟူ၍ ပြောဆိုသွန်သင်ပါတယ်။ ဒါကိုကြည့်ယင် အစားအသောက်အပေါ်မှာ လေးစားတတ်မူကို ပြသနေတာပါ။
အဝတ်အစားနဲ့ပတ်သက်ပြီး အဝတ်ဝတ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က အရှက်သိက္ခာကိုထိမ်းသိမ်းဖို့နဲ့ အန္တရာယ်ကို မဖြစ်စေဖို့ပဲလို့ ပြောဆိုသွန်သင်ပါတယ်။ ဒီအဝတ်အစားနဲ့ပတ်သက်ပြီး မိမိ-သူတစ်ပါးအတွက် အကျိုးတစ်ခုခုကို ဖြစ်ထွန်းအောင် ပြုလုပ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒီလို အစစအရာရာမှာ လိုအပ်လွန်းခြင်းနှင့် လွန်ကဲခြင်းတို့ကို မဖြစ်စေပဲ လိုအပ်သလောက် လိုအပ်လျှင်လိုအပ်သလို ကျင့်သုံးနေထိုင်တတ်ဖို့ကို လမ်းစဥ်ကြီး (၈)ချက်ဖြင့် အတိအလင်း ချမှတ်ပြခဲ့ပါတယ်။
ဒါ့ကြောင့် မြတ်ဗုဒ္ဓရဲ့ အယူအဆဟာ လေးစားတတ်မူ လေးစားစွာနေထိုင်ကျင့်သုံးတတ်မူ အနုပညာကို သွန်သင်ပြသပေးတဲ့သဘောလို့ ပြောခဲ့တာပါ။
အကျယ်ကို သိရှိလိုပါက ဗုဒ္ဓဘာသာအခြေခံသင်တန်းများကို တက်ရောက်သင်ယူနိုင်ပါတယ်။
အခုတော့ ဘာတွေလေ့လာရဦးမယ်ဆိုတာကို သိလာရပြီ။ ကျေးဇူးပါ